စလင်း မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများကို အ.ထ.က(၁)နှင့် အ.ထ(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းနှင့် ဆွေးနွေးပွဲများကို မူလတန်းဆင့် သင်တန်းသား၊ သင်တန်းသူ (၁၃၅၆)ဦးတို့အား သင်တန်းနည်းပြဆရာ (၉၀)ဦးဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း၊ အလယ်တန်းဆင့် သင်တန်းသား၊ သင်တန်းသူ (၅၂၄)ဦးအား သင်တန်းနည်းပြဆရာ (၃၀)ဦးဖြင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် လက်ထောက်ပညာရေးမှူးများက အနီးကပ်ကြီးကြပ်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းများကိုနံနက် ၉ နာရီမှ ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှ မတ်လ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်လွင်