(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အ-ထ-က (အင်္ဂပူ)တွင် ကျောင်းဆောင်သစ်ဖွင့်လှစ်

အင်္ဂပူ မတ် ၂၈

(၇၉)နှစ်မြောက် တပ်‌မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

ကျောင်းဆောင်သစ်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းပညာရေးမှူး၊ လက်ထောက်ညွှန်ကြာရေးမှူးချုပ် ဦးတိုးဝင်းတို့က (၂၀၀'×၃၀') Steel Structure (၂) ထပ်ကျောင်းဆောင်သစ်နှင့် (၁၃၀'×၃၀') RCC (၁)ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကဗျည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ်‌ ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးဝင်း၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး အ-ထ-က (အင်္ဂပူ) ကျောင်းဆောင်သစ်အား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရန်ပုံငွေ ၅၄၉.၃၄၇ သန်းဖြင့် (၂၀၀'×၃၀') Steel Structure (၂) ထပ်ကျောင်းဆောင်သစ်အားလည်ကောင်း (၁၃၀'×၃၀') RCC (၁)ထပ်ကျောင်း ဆောင်သစ်အား (၁၈၇.၂၀၀) သန်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)