မိုးညိုမြို့နယ်၌ မီးဘေးသင့်နေအိမ်မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ကျေးရွာအရောက် သွားရောက်ထောက်ပံ့

မိုးညို မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ သရက်တစ်ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးသင့်နေအိမ် (၂) လုံးမှ မိသားစုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် မီးဘေးသင့်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့‌ငွေ (၂၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၂) စုရှိ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀/-) ကျပ်နှင့် ပျက်စီးနေအိမ် (၂) လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံး) အပါ (၂) အိမ်ထောင်စုစာ၊ တန်ဖိုးငွေ (၉၂၀၇၂/-) ကျပ်တို့အား မီး‌ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွား‌ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)