ကလေးဝ မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းသား/ကျောင်းသူလူငယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်းပညာကို စိတ်ပါဝင်စားသော ကလေးငယ်များအား ပန်းချီပညာကို အခြေခံမှ စတင်လေ့လာနိုင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ပန်းချီပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ရာ၌ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးကျော်စိုးက အခြေခံပန်းချီရေးဆွဲနည်းများ၊ မျဥ်းအ ကြောင်း၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို မတ်လ (၁၈)ရက်နေ့မှ မတ်လ (၂၇) ရက်နေ့အထိ တစ်ရက်လျှင် နှစ်ချိန်သင်ကြားပို့ချပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူ(၁၈)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းဆင်းပွဲတွင် ထူးချွန်သည့် သင်တန်းသားများအား မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)