ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ကျောင်း၌ အခြေခံနွေရာသီသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပိုင်ကျုံ မတ် ၂၈

ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ ဖွင့်လှစ်သည့် နွေရာသီအခြေခံသင်တန်းကို ယမန်နေ့ညက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းနည်းပြဆရာ/ဆရာများအား ဂုဏ်ပြုဆုနှင့်အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းကာလအတွင်း ချမှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်နိုင်မှု(စံပြ)ဆုအတန်းလိုက်စာပေထူးချွန်ဆုနှင့် အုပ်စုလိုက်စည်းလုံးညီညွတ်မှုဆုတို့ကို တာဝန်ရှိသူများတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်

ထိုအခမ်းအနားတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိအသင်းတော်များမှ အသင်းအုပ်ဆရာတော်များရပ်မိရပ်ဖများနှင့် သင်တန်းသူသင်တန်းများ တက်ရောက်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်များကို ကျောင်းသားလူငယ်မောင်မယ်များတို့မှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)