မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ပဲတီစိမ်းဧက (၉၅၃၈)ထိ ရိတ်သိမ်းပြီးစီး

မုံရွာ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ပဲတီစိမ်းဧက (၉၅၃၈)ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောပြ၍သိရသည်။
မုံရွာမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက ပဲတီစိမ်းဧက (၉၅၃၈)စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သော  ပဲတီစိမ်းများကိုဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧက (၉၅၃၈)ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ရိတ်သိမ်းခဲ့သည့် ပဲတီစိမ်း တစ်ဧကလျှင် ၁၆ ဒသမ ၄၀တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီကပဲတီစိမ်းကို မုံရွာမြို့နယ်မှာ စိုက်ပျိုးနိုင်ခဲ့ပါဧက (၉၅၃၈)တယ်။ လက်ရှိမှာတော့ ပဲတီစိမ်း ဧက(၉၅၃၈)ထိ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ .. ရိတ်သိမ်းဖို့ကျန်တဲ့ ဆက်လက်ပဲတီစိမ်းဧကတွေကိုလဲ ရိတ်သိမ်းနေပါတယ်။ ဆောင်းသီးနှံတွေ အခက်အခဲမရှိ စိုက်ပျိုးနိုင် ဖို့အတွက် မစိုက်ခင်အချိန်ကနေလက်ရှိအချိန်ထိ တောင်သူတွေနဲ့ ဌာနပေါင်းစပ်ဆောင်ရွက်ခဲ့ပါတယ်”ဟု မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောပြသည်။ မုံရွာမြို့နယ်၌ သီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံများအားလုံးလျာထားဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ ပဲတီစိမ်းများ အထွက်နှုန်းတိုးတက် ကောင်းမွန်စေရေး၊ အရည်အသွေးကောင်းပဲများ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရန် အခက်အခဲမရှိ ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)