မိုင်းပန်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းပန် မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုပစ္စည်းများဝယ်ယူရန်အတွက် နေကြာ (၁)ဧကလျှင် (၂၀၀၀၀၀)ကျပ်နှင့် မြေပဲ (၁)ဧကလျှင် (၃၀၀၀၀၀)ကျပ် စုစုပေါင်းချေးငွေ (၃၀၅၀၀၀၀၀)ကျပ်တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ချေးငွေ‌များပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အစုအဖွဲ့ကိုယ်စားလှယ်များမှ မရှင်းလင်းသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နော်မှိုင်း(ပြန်/ဆက်)