ဂွ မတ် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားအခြေခံ သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့မအားကစားကွင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
နွေရာသီ ကျောင်းပိတ်ရက်များတွင် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း ပြည့်မီတဲ့ အားကစားသမားကောင်းများ နိုင်ငံ၏ သားကောင်း/သမီးကောင်းများဖြစ်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုသည့် မြင့်မားတဲ့ ရည်ရွယ်ချက်များစွာဖြင့် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ ဘော်လီဘော၊ ဘောလုံး၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် အစရှိသည့် အားကစားနည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်