ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမှိုက်သရိုက်များ မီးရှို့ခြင်းများ မပြုရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ မတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အမှိုက်သရိုက်များ မီးရှို့ခြင်းများမပြုရန် အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ရာတွင် ပတ္တာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ပြည့်စုံမိုးနှင့် အဖွဲ့ဝင် များ၊ ဘဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် ရာအိမ်မှူးများ၊ အေးမြင့်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် ရာအိမ်မှူးတို့က သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် လေထုညစ်ညမ်းမှုမရှိစေရေးတို့အတွက် ရပ်ကွက်/ ကျေးရွာများ အတွင်း အမှိုက်မီးများ မရှို့ကြရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)