သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

သပိတ်ကျင်း  မတ်၂၈

 မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အရည်အချင်းဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမက “အရည်အချင်းဆီသို့” စာအုပ်မှဘဝမှာ “ဖြူဖြူစင်စင်နေပါ” ခေါင်းစဥ်တွင်ပါရှိသည့် ဖြူစင်သည့် စိတ်ထား၊ ကောင်းမွန်တဲ့စကား၊ ချိုသာယဥ်ကျေးတဲ့ပြောဆိုဆက်ဆံရေး၊ သိမ်မွှေ့နူးညံ့တဲ့အပြုအမူ၊ ခင်မင်လေးစားတတ်တဲ့အမူအကျင့်၊ ဒါတွေဟာဖြူဖြူစင်စင်နေထိုင်ပြုမူသွားတဲ့  ဘဝရဲ့နေ့စဥ်အကျင့်တွေက ပေါ်ထွက်လာမယ့် ကောင်းကျိုးတရားများဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသည့် ဝန်ထမ်းများမှ အဆိုပါခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားမှုအပေါ် မိမိတို့၏သဘောထားအမြင်ဖြင့် ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)