ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ်တွင် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ ကျင်းပ

ဒေါပုံ မတ် ၂၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီအချိန်က ပြသာဒ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ” ()ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး ဒေါပုံမြို့နယ် သံဃနယက ဥက္ကဋ္ဌဆရာတော် ဦးသောပါကက စိန်ရောင်ခြည် ဘုရားပင့်ပူဇော်ခဲ့ပါသည်။ ဆက်လက်၍   နိုင်ငံတော်သြဝါဒစရိယ ပြသာဒ်ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ဆောက်တည်ခြင်းနှင့် သြဝါဒများ ခံယူခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဦးနန္ဒာသီရိက နတ်ဗြဟ္မာများကို ပင့်ဖိတ်ခဲ့ပြီး ဒေါပုံမြို့နယ် သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဦးဇောတိကက ဥယျောဇနတိုက်တွန်းလွှာအား ဖတ်ကြားခဲ့ပါသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက (၂၄) ပစ္စည်း ပဋ္ဌာန်းပါဋ္ဌိတော်ကို () ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ပူဇော်ပွဲကို ဒေါပုံမြို့နယ်တွင် (၂၇--၂၀၂၄) ရက်နေ့မှ (--၂၀၂၄) ရက်နေ့အထိ () ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး သံဃာတော်အရှင်သူမြတ်များအား  ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်၍ နေ့စဥ် ဆွမ်းဆပ်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)