မိုင်းတုံ မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်းထမ်းများက မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေ ငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ် ပြန်/ဆက်နှင့်ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်တို့က ယနေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရေးရန်ပုံငွေဖြင့် မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာရှိ ဒေသခံပြည်သူများ လူနေထိုင်သည့်ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးအနေဖြင့် မိုင်းတုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွက်စိတ်၊ ကွက်ကျဲ ကွင်းဆင်းတိုင်းတာနေခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေခြင်းသည် ကျေးရွာအတွင်းနေထိုင် ပိုင်ဆိုင်သူများကို ထုတ်ပေးမည့် မြေဂရန်မှာ နှစ် (၃၀) ဂရန်ဖြစ်၍ သားစဉ်မြေးဆက်ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်၍ ဥပဒေနှင့်အညီ အမွေဆက်ခံ ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ငွေကြေးအရင်းအနှီး လိုအပ်ပါကလည်း ဘဏ်တွင် ဥပဒေနှင့်အညီ အတိုးနှုန်းနည်းပါးစွာဖြင့် ပေါင်နှံနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအမှန် တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း အကျိုးခံစားရမည်ဖြစ်ကြောင်းကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်ထံမှ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)