အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနသို့ မိဘများဖြစ်ကြသော ဖခင်ကြီး ဦးထွန်းကျော်ကွယ်လွန် (၄) နှစ်ပြည့်နှင့် မိခင်ကြီး ဒေါ်မြင့်မြင့်ကွယ်လွန် (၆) နှစ်ပြည့်မိဘများအား ရည်စူး၍ သားသမီးများ ကိုဝင်းမြင့်ထွန်း(ရန်ကုန်)၊ ကိုအောင်မျိုးထွန်း (သရက်)၊ မခင်ကလျာထွန်း (ရန်ကုန်) တို့မှ ငွေကျပ် (၅) သိန်းလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) နာရီက လှူဒါန်းရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်လက်ခံပေးခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 29,2024
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Mar 29,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Mar 29,2024
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန် ရည်ရွယ်၍  အလုပ်သမားဆေးရုံကြီး(မန္တလေး)အား ၃-၃-၁၉၈၃ ရက်နေ့တွင် အုတ်မြစ်ချ စတင်တည်ဆောက်၍ ၁၅-၅-၁၉၉၀ ရက်နေ့တွင် ခုတင် (၁၅၀) ဆံ့ ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ်ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသပေးလျက်ရှိပါသည်။ ပြင်ပလူနာများအား ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာအဖြစ် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တုသွေးသန့်စင်စက် (၂) လုံးကို ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် တပ်ဆင်၍ ကျောက်ကပ်သန့်စင်ဆေးကြောပေးလျက်ရှိရာ လူနာဦးရေ (၈)ဦးကို အကြိမ်ရေ (၆၄) ကြိမ်တိုင် ဆေးကြောပေးခဲ့ပြီး ဖြစ်ပါသည်။
Mar 29,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် (အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပနပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၊ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 29,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဥ်ဖွင့်လှစ်သော အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်(၁၉) ရက်မှ (၂၈) ရက်နေ့အထိ သန်လျင်မြို့ရှိ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Mar 29,2024
ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွန်းလာစေရေး ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို မတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။