ဒဂုံတောင် မတ် ၂၈
စာစီစာကုံးသင်တန်းတွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသားလူငယ်များအနေဖြင့် မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာရေးသားနိုင်ရန်နှင့် သင်ကြားပေးထားသောသင်ခန်းစာများ မှတ်သားနားလည်နိုင်မှုကို ဆန်းစစ်သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲကျင်းပဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကျင်းပဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိဒေါ်သန်းသန်းအေးက ကျောင်းသားလူငယ်များအနေဖြင့် ကောင်းမွန်သောယှဉ်ပြိုင်မှုများရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တက်စေရန်များပြောကြားပြီး သင်တန်းနည်းပြစာရေးဆရာမ ဒဂုံကြည်ဇော်က သင်ခန်းစာများကိုစိတ်ဝင်စားမှုပိုမိုရရှိစေရန်၊ သင်တန်းတွင်ပျော်ရွှင်စွာသင်ကြားနိုင်စေရေး၊ သင်ကြားနေရင်းနှင့် ပြိုင်ပွဲလေးများ ကျင်းပပေးရခြင်းဖြစ်ကြောင်းများ ပြောကြားသည်။
ထိုသို့ သင်ကြားရင်းပြိုင်ပွဲများပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား အုပ်စု(က)နှင့် အုပ်စု(ခ) အုပ်စု(၂)စုဖွဲ့၍ အမှတ်ပေးစနစ်ဖြင့် စုပေါင်းညီညွတ်စွာ ရင်းရင်းနှီးနှီးယှဉ်ပြိုင်စေပြီး သင်တန်းဆင်းပွဲတွင် အမှတ်များသောအုပ်စုအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး