အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နဂါးပွက်တောင် ဈေးဆိုင်တန်းမှ ဈေးသည်များမှာ ရွှေစက်တော်ဘုရားပွဲရာသီတွင် ဒေသထွက်ပစ္စည်းများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း၊ မင်းဘူးမြို့ ဒေသခံဈေးသည်များထံမှ သိရသည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တံတားဦးမြို့နယ်ရှိ ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Mar 29,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အစိုးရဓမ္မာစာရိယ စာမေးပွဲပထမနေ့ကို ယမန်နေ့နေ့လယ် (၁၂) နာရီမှစတင်ကာ ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ စတင်ကျင်းပခဲ့သည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန် (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁) နာရီက အစိုးရဓမ္မာစရိယ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့်စိုက်ပျိုးရေးအခြေခံအချက်များနှင့် စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက နွေစပါးစိုက်ကွင်းအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 29,2024
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရဓမ္မာစရိယစာမေးပွဲကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌ နေ့လယ် (၁) နာရီအချိန်က ကျင်းပသည်။
Mar 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်အသိပညာပေးဆော်ဩခြင်းနှင့် လေပြင်းဘေးန္တရာယ် ဆော်ဩခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်မင်းတည်းလယ်ပြင်နှင့် အောင်သီရိ ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။