မင်းဘူး မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နွေစပါး ဧက ၁၀၅၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအချိန်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွေစပါးစိုက်ပျိုးရာတွင် ဆဖိုးသာ၊ ဆင်းသုခ၊ ရတနာတိုး၊ ပခန်းရွှေဝါ၊ ထိုင်းနှံကောက်၊ ရက် ၉၀ စပါးမျိုးများဖြင့် ၁၀၅၀ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး၊ အိုင်းမဆည်၊ မဲဇလီရေလွဲဆည်များနှင့် ကျောက်စံ၊ ကန်းနီစသော မြစ်ရေတင်စီမံကိန်းများမှ ရေများပေးဝေဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ဧကပြည့်မီရေးနှင့် စပါးသီးနှံ တစ်ဧက တင်း ၁၂၀ ကျော်ထွက်ရှိကာ သီးနှံများအထွက်တိုးစေရန် တောင်သူနည်းပညာပေးသင်တန်များ၊ စက်မှုလယ်ယာ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စသော ဆက်စပ်သည့်ဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း မင်းဘူးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ပြောကြား၍ သိရှိသည်။
ဇေယျာထက်(မင်းဘူး)