ဘီးလင်း မတ် ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အစိုးရဓမ္မာစာရိယ စာမေးပွဲပထမနေ့ကို ယမန်နေ့နေ့လယ် (၁၂) နာရီမှစတင်ကာ ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ စတင်ကျင်းပခဲ့သည်။
အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းမှ သံဃာတော် (၁၂) ပါးနှင့် သီလရှင် ကျောင်း (၁) ကျောင်း မှ သီလရှင်ဆရာလေး (၄) ပါး ၊ စုစုပေါင်း (၁၆) ပါးတို့က ပထမနေ့ ဘာသာရပ်အဖြစ် ပါရာဇိက ဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။
အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား နေ့ဆွမ်း၊ အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)