Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့်ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း
Mar 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာ၌ ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စျေးနှုန်း၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်း စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ (၂)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Mar 29,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်ဦးမြို့၊ ပုဂံမြို့ဟောင်းရှိ ဇမ္ဗုဒီပသာသနာဗိမာန်တော်ကြီးတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား
Mar 29,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျ ရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲ ကျင်းပ
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာ့ နာယကဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် ဓမ္မာစရိယစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအတွက် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ လစဉ် အလှူငွေများ ထောက်ပံ့လှူဒါန်း
Mar 29,2024
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဘိုးဘွားရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား တက်ရောက်
Mar 29,2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေဆိုင်ရာ အသိပညာပေးခြင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Mar 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ရွှေသဲဖြူဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9306
Page
9307
Page
9308
Page
9309
Current page
9310
Page
9311
Page
9312
Page
9313
Page
9314
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department