သရက်မြို့ မီးဘေးအန္တရာယ် အသိပညာပေး ဆော်ဩခြင်းနှင့် လေပြင်းဘေးန္တရာယ်ဆော်ဩခြင်း ဆောင်ရွက်

သရက် မတ် ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်အသိပညာပေးဆော်ဩခြင်းနှင့် လေပြင်းဘေးန္တရာယ် ဆော်ဩခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်မင်းတည်းလယ်ပြင်နှင့် အောင်သီရိ ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ကြပ်ကြီး ဇော်လွင်မိုးနှင့် တပ်ဖွဲ့ဝင်များက တောင်မင်းတည်းလယ်ပြင်နှင့် အောင်သီရိရပ်ကွက်တို့တွင် မီးဘေးအန္တရာယ်အသိပညာပေးဆော်ဩခြင်းနှင့် လေပြင်းဘေးန္တရာယ် ဆော်ဩခြင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)