လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ဖြေဆို

လားရှိုး မတ်လ ၂၉

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရဓမ္မာစရိယစာမေးပွဲကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌ နေ့လယ် (၁) နာရီအချိန်က ကျင်းပသည်။

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွိကို လားရှိုးခရိုင်အတွင်းရှိ စာသင်တိုက်များမှ ဆရာတော်၊သံဃာတော် ၁၉၁ ပါး ဖြေဆိုလျက်ရှိပြီး စာမေးပွဲဖြေဆိုနေမှုများကို စာမေးပွဲကြီးကြပ်ရေးကော်မတီ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ ပြည်နယ်သာသနာရေးမှူးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အလှူငွေများ ကပ်လှူခဲ့ကြကြောင်း သိရသည်။  

အဆိုပါစာမေးပွဲကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ၁၃ ရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )