တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တံတားဦး မတ် ၂၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တံတားဦးမြို့နယ်ရှိ ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဌာနဆိုင်များအနေဖြင် မိမိတို့ ဝန်များအား ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များ ရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြရန်၊ မိမိတို့ရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေး သတိပြုကြရန်၊ မိမိခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကို ဂရုပြုကြရန်လိုကြောင်း၊ ဒါ့အပြင် ယခု အချိန်သည် ပွင်းလင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကို ဂရုပြုလိုက်နာ ဆောင်ရွက်ပေးစေလိုကြောင်း၊ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်းနှင့် နွေသီးနှံ စိုက်ဧများ လျာထားပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။

ဆက်လက်၍ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)