မင်းဘူး မတ် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နဂါးပွက်တောင် ဈေးဆိုင်တန်းမှ ဈေးသည်များမှာ ရွှေစက်တော်ဘုရားပွဲရာသီတွင် ဒေသထွက်ပစ္စည်းများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း၊ မင်းဘူးမြို့ ဒေသခံဈေးသည်များထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများ၊ လေ့လာလည်ပတ်စရာ နေရာအများအပြားရှိသည့်အပြင် ဒေသထွက်ပစ္စည်းများပါ ပေါများလှသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် လာရောက်အပန်းဖြေလေ့လာသူများဟာ ရွှေစက်တော်ဘုရားပွဲတော် ရာသီဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ဘုရားပွဲတော်ရာသီတွင် အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူသွားနိုင်ရန် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း နဂါးပွက်တောင်ရှိ ဈေးသည်များထံမှ သိရသည်။
ယခုအချိန်တွင် ဘုရားပွဲတော်ရာသီဖြစ်၍ ဈေးရောင်းအားကောင်းကာ မင်းဘူး(စကု)မြို့နယ်၏ ဒေသထွက်ကုန်ပစ္စည်းများဖြစ်သော ပဲပွကြော်၊ ပဲရွကြော်၊ ပါပလာ၊ လယ်ကိုင်းမရွေး၊ သစ်ဥ၊ သစ်ဖု၊ ဆေးမြစ်များ၊ ဝက်မြေဥနှင့် သနပ်ခါးတုံးများအပြင် ရွှေစက်တော်အမှတ်တရအင်္ကျီများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများပါ ရောင်းအားကောင်းလာကြောင်း မင်းဘူးမြို့ဒေသခံဈေးသည် မလှလှအေးထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)