ကျောက်ဖြူ မတ် ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရန် အပတ်စဉ် ပုံမှန်ဆောင်ရွက်နေသည့် စုပေါင်းသန့်ရှင်းရေးအား ပျက်ကွက်မှုမရှိစေရေး ဌာနအကြီးအကဲများမှ ကြပ်မတ်ဆောင်ရွက်ပေးကြရန်၊ သဘာဝဘေး ဖြစ်ပေါ်လာပါက ပြည်သူများ ထံသို့ ထောက်ပံ့ရေးပစ္စည်းများ အချိန်မီ ထောက်ပံ့နိုင်ရန်နှင့် လိုအပ်ချိန်တွင် ထုတ်ပေးနိုင်ရန်အတွက် တာဝန်ရှိသူများမှ စီမံဆောင်ရွက်ထားရှိရန်၊ ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေး ဖွဲ့စည်းထားသည့် ကော်မတီများမှ ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြပေးရန်ကြနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) တွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)