ရန်ကုန် မတ် ၂၉
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဥ်ဖွင့်လှစ်သော အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်(၁၉) ရက်မှ (၂၈) ရက်နေ့အထိ သန်လျင်မြို့ရှိ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ (GRAMMAR) အား တတ်ကျွမ်းနားလည်စေရန်နှင့် အသိပညာ၊ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ သင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
ယင်းသင်တန်းတွင် ဆရာမကြီး ဒေါ်ကြည်ကြည်က အင်္ဂလိပ်စာ (Grammar) အခြေခံများကို တာဝန်ယူသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)