နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်းရှိ နွေသီးနှံစိုက်ပျိုးသည့်အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ မတ် ၂၉

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်းရှိ နွေသီးနှံစိုက်ပျိုးသည့် အခြေအနေများအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လာရောက်ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေးရှိ နွေနှမ်းဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေသည့်အခြေအနေများ၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသည့်အခြေအနေများ၊ နွေသီးနှံစိုက်ပျိုးရေပေးဝေနေသည့် အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးပြေသိန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ဝင်းတို့က နွေသီးနှံနှင့် နွေးနှမ်းစိုက်ပျိုးသည့် တောင်သူများအား ဌာနမှကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ တောင်သူများ၏ လိုအပ်ချက်များ၊ စိုက်ပျိုးရေပေးဝေနေသည့် အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ရေဆင်းဆည်မှ နွေသီးနှံစိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေနေသည့် အခြေအနေများအား လိုက်လံကြည့်ရှုခဲ့သည်။

ယခုနှစ် ဇေယျာသီရိမြို့နယ်တွင် နွေစပါး ၁၄၂၆ ဧကလျာထားပြီး ၁၃၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်း ၁၅၀၀ ဧက စိုက်ပျိုးသွားရန် လျာထားလျက်ရှိကြောင်း ဇေယျာသီရိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ထွန်းလင်း(ဇေယျာမြေ)