ဘားအံ မတ် ၂၉
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်၊ တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ လှိုင်းဘွဲမြို့နယ်၊ တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်နှင့် မြဝတီမြို့နယ်တို့အတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၁၂၇၀ အိမ် ၊ အိမ်ထောင်စု ၁၃၆၁ စု၊ လူဦးရေ ၇၅၀၀ ဦး တို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုစေပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)