ဟုမ္မလင်း မတ် ၂၉
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းစံပြကျေးရွာ (စံကပ်ကျေးရွာနှင့်နားသဲကျေးရွာ)များအား ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲကို မတ်(၂၈)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်အနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဟုမ္မလင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ဟုမ္မလင်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာများနှင့် ပတ်သက်၍ လင်းတင်ပြခဲ့ကြပြီး၊ စံကပ်ကျေးရွာသစ်လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးဌေးနိုင်နှင့် နားသဲကျေးရွာသစ်လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းတို့က မိမိကျေးရွာတွင် ဆောင်ရွက်သွားမည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်းများတွင်ပါသည့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှုဘဝမြှင့်တင်ရေး၊ ဝင်ငွေတိုးတက်ရေး စသည့်လုပ် ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းတို့က ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းစံပြကျေးရွာ (စံကပ် ကျေးရွာနှင့် နားသဲကျေးရွာ) တို့အတွက် ရန်ပုံငွေကျပ်(၄၂၀)သိန်းထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာကော်မတီဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟုမ္မလင်းမြို့နယ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းစံပြကျေးရွာ (စံကပ်ကျေးရွာနှင့် နားသဲကျေးရွာ)များမှ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးမင်းက ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ငန်းလမ်းညွှန်းချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသော ဝန်ထမ်းများ၊ ကျေးရွာသစ်လှုပ်ရှားမှု ကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)