လိပ်သိုဒေသတွင် သဘာ၀အလျောက်ပေါက်ရောက်သော ရာသီစာဇရစ်ရိုးများ ချိုးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

လိပ်သို  မတ်  ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများနဘေးတွင် သဘာ၀အလျောက် ပေါက်ရောက်သော ရာသီစာဇရစ်ရိုးပင်များကို ကျေးရွာအများစုမှ ဒေသခံများက ချိုးယူရောင်းချကာ မိသားစုစားဝတ်နေရေး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။   

ဇရစ်ရိုးပင်များသည် တောတောင်များ၌ သဘာ၀အလျောက် ပေါက်ရောက်ပြီး စမ်းချောင်းငယ် လေးများနဘေးတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ ဇရစ်ရိုးပင်များကို ဒေသတွင်းပြည်သူများ နှစ်ခြိုက် စွာ စားသုံးကြသောကြောင့် နွေရာသီကာလ ဇရစ်ရိုးပေါ်ချိန်တွင် ဇရစ်ရိုးပင်များမှ ဇရစ်ရိုးနုများ ကို ဒေသခံပြည်သူများက မိသားစုစားသုံးရန် လိုက်လံချိုးယူကြပြီး  ပိုလျှံသောဇရစ်ရိုးများကို အခြားစားသုံးသူများထံ ပြန်လည် ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ဇရစ်ရိုးပင်များသည် ဆေးဖက်ဝင်သည့်အပြင် ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ယခင်ကာလများက ဇရစ်ရိုးများ လွန်စွာပေါများသောကြောင့် တစ်စီးကို ကျပ် (၂၅ဝိ/-) သာရရှိခဲ့သော်လည်း ယခုအခါ ဇရစ်ရိုးများ ရှားပါးလာခြင်း၊ စားသုံးသူတိုးပွားလာခြင်းတို့ကြောင့် တစ်စီးကို(၅၀ဝိ/-) ကျပ်မှ (၁၀၀ဝိ/-)ကျပ်အထိ ရရှိလာသောကြောင့် ဇရစ်ရိုးချိုးယူရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)