ကလေးဝမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ

ကလေးဝ မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ မြို့မဈေးကြီးရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါလက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဦးသက်ဟန်စိုးကျော်

မြို့နယ်(ပြန်/ဆက်)