ရှမ်းပြည်နယ်ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

တောင်ကြီး မတ် ၂၉

ရှမ်းပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(၁/၂၀၂၄)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆောင်ရွက်နေသော်လည်း လိုက်နာမှုအားနည်းနေသည့်ကို တွေ့ရှိရပါကြောင်း၊ တက္ကသိုလ်၊ အခြေခံကျောင်းများတွင်လည်း အသိပညာပေးဟောပြောပွဲများ၊ အသိပညာပေးများ ဆောင်ရွက်သင့်ပါကြောင်း၊ အားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဋ္ဌ (၂) ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ အတွင်းရေးမှူး အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူးတို့က လုပ်ငန်းဆောင်မှုအခြေအနေများကို တင်ပြရှင်းလင်းကြသည်။

ထို့နောက် ရှမ်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ အဖွဲ့ဝင်ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်း၍ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)