ရန်ကုန် မတ်လ ၂၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းကျင်းပသော First Aid Program Review Workshop ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Program Coordinator Ms.Marie Manrique နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှဒုတိယပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းရေးမှူးဦးအောင်မိုးကျော်တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မြသူနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မာလာဝင်း၊ ပါမောက္ခဒေါက်တာဒေါ်ခင်လှလှ၊ ဒေါက်တာစိုးလှိုင်နှင့် ဦးကျော်မိုးကြည်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ (၃)ရက်တာပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ အချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)