ပြည် မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပြည်စာဖြေဌာန၌ ယမန်နေ့မွန်းလွဲ (၁၂)နာရီက ဓမ္မာစရိယစာမေးပွဲကို ကျင်းပပြုလုပ်သည်။
ထိုသို့ကျင်းပရာ ပြည်စာဖြေဌာန၌ သံဃာတော်နှင့်သီလရှင် (၅၇၉) ပါးက ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ ဘာသာရပ်ကို ဖြေဆိုကြရာ ပြည်စာဖြေဌာန၌ (၈၈.၈) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြသည်။
အဆိုပါ ဓမ္မာစရိယဖြေဆိုနေသော သံဃာတော်နှင့် သီလရှင်များအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့်ဇနီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းမင်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက အလှူငွေနှင့် အအေးများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)