Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်အောင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 01,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် မြန်အောင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် မင်္ဂလာအချိန်၌ အဆိုပါရုံးများရှေ့တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Apr 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နှစ်ကျိတ်ရှစ်ဆူ ဘုန်ကြီးကျောင်းတွင် ဝမ်နားကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ရှင်းလင်းတိကျစွာ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ပရိတ်တရားနာယူခြင်း၊ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူခြင်း၊ ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် အိမ်ထောင်စုနှင့် နိုင်ငံသားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် အိမ်ထောင်စုနှင့် နိုင်ငံသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁နာရီအချိန်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများက မြို့မစျေးနှင့်လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် ပြည်သူလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှုစစ်ဆေး
Mar 31,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အားသစ်လမ်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုနှင့် မုံရွာမြို့အတွင်းရှိ ရပ်ကွက်လမ်းများ၌ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့ ဘုရားကြီးလမ်း ညစျေးတန်း၌ စျေးရောင်းစျေးဝယ်များဖြင့်စည်ကား
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဖွင့်လှစ်ထားသော စျေးရပ်ကွက်ရှိ ဘုရားကြီးလမ်း ညစျေးတန်းတွင် စျေးရောင်းစျေးဝယ် ပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9293
Page
9294
Page
9295
Page
9296
Current page
9297
Page
9298
Page
9299
Page
9300
Page
9301
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department