မုဒုံမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများထောက်ပံ့

မုဒုံ မတ် ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ နယ်မြေဒေသတည်ငြိမ်အေးချမ်း​ရေးကို သက်စွန့်၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်းနှင့် တပ်မတော်သားများအတွက် လှူဒါန်းပေးအပ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော ပုဇွန်ဘလချောင်ကြော် ၁၀ ဘူး၊ ငါးဘလချောင်ကြော် ၁၀ ဘူး၊ မရမ်း/သရက် ငပိဘူး ၁၀ ဘူး၊ မြေပဲ/ ပဲကြော် / အကြော်စုံ ၁၅ ထုပ်၊ ဂျင်းလက်ဖက် ၅ ထုပ်၊ ပရီးမီးယား ကော်ဖီမစ်ထုပ် တစ်ပါကင်စသည့် စားသောက်ဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပေးအပ်ရာ  ဗိုလ်မှူးဟိန်းဆက်အောင်က လက်ခံခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)