လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယစာမေးပွဲ စတင်ကျင်းပ

လှည်းကူး   မတ်   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို  လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှီ နိဗ္ဗာန်ဆိပ်ဦး သာသနာ့ဗိမ္မာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ ဓမ္မာစရိယစာမေးပွဲ ပထမနေ့ကို ယမန်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ  ၄ နာရီထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အစိုးရဓမ္မာစရိယ စာမေးပွဲကို စုစုပေါင်း(၂၉)ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန် စာမေးပွဲကိုလည်း ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင်းပဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုသံဃာတော်နှင့် သီလရှင်များစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာန ကြီးကြပ်ရေး ဆရာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)