ကျောက်ပန်းတောင်း မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ယမန်နေ့က စတင်ကျင်းပခဲ့ရာ၊ ယနေ့ မွန်းတည့် (၁၂) နာရီတွင် ဒုတိယနေအဖြစ်၊ ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာဓမ္မာ့ဗိမာန် တော်ကြီးပေါ်တွင် ကျင်းခဲ့လျက်ရှိကြောင်း သိရသည်။
ယနေ့ ဖြေဆိုသည့် ဘာသာရပ်မှာ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ (ဒုတိယ)ဖြစ်ပြီး၊ ဖြေဆိုရန် စာရင်း ပေးသွင်းထားသည့် ရဟန်း (၃၀) ပါး၊ သမဏေ (၁) ပါးနှင့် သီလရှင် (၃) ပါး စုစုပေါင်း (၃၄) ပါး စာရင်းပေးသွင်းထားသည့်အနက် ရဟန်း (၂၄)ပါး၊ သာမဏေ (၁)ပါးနှင့် သီလရှင် (၃)ပါး စုစုပေါင်း (၂၈)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး (၆)ပါး ပျက်ကွက်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်သံနာယကအဖွဲ့ဝင်ဆရာတော်များနှင့် အစိုးရဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊အကျိုးတော်ဆောင် ဆရာတော်များက ကြီးကြပ်ကွပ်ကဲလျက်ရှိကြပြီး၊ မြို့နယ်သာသနာရေးမှူး ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ အကျိူးတော်ဆောင် လူပုဂ္ဂိုလ်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)