Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့င…
Mar 30,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် အခြားဒေသမှ လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများ စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များမှ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မုဒွန်းကျေးရွာ ပိဋကတ်တိုက် ဘုန်းတော်ကြီးကျောင်း၊ တောင်စွန်းကျေးရွာ သဒ္ဓမ္ဓဓဇ ဘုန်းတော်ကြီးကျောင်းနှင့် ရွာလွတ်ကျေးရွာ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြ…
Mar 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူလေးများ ကျောင်းသင်ခန်းစာတွင် စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အစိုးရဓမ္မာစာရိယစာမေးပွဲဖြေဆိုသည့် သံဃာတော်များအား ကြည်ညိုဖူးမျှော်
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန်(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်လျက်ရှိသော အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား ယနေ့မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများမှ ကြည်ညိုဖူးမျှော်ခဲ့ပြီး ဝတ္ထုငွေနှင့် အချိုရည်များ ကပ်လှူခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ အ.လ.က (၃) ကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေး လာရောက်ကြည့်ရှုအားပေ…
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သာယာအေးလမ်း၊ အ.လ.က (၃) ကျောင်းတွင် ဆောင်ရွက်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေး လာရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံတရုတ်ဘာသာစကား သင်တန်းဆင်းပွဲကျင်းပ
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီက အခြေခံတရုတ်ဘာသာစကားသင်တန်းဆင်းပွဲ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ လျှပ်စစ်ဝါယာကြိုးအပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Mar 30,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၄)ရှိ လပြည့်ကုန်စုံဆိုင်၌ ယနေ့နံနက် ၈ နာရီ ၃၉ မိနစ်အချိန်တွင် လျှပ်စစ်ဝါယာကြိုးအပူရှိန်လွန်ကဲပြီး မီလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ပွဲတော်သို့ တက်ရောက်၍ မုခ်ဦး၊ ကမ္ဗည်းကျောက်စာတိုင်များ…
Mar 30,2024
ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၁၉၂၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကို ကျောင်းသားဟောင်းများ စုပေါင်း၍ (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကျောင်းသားဟောင်းများနှင့်အတူတကွ ရာပြည့်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်ဩဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ထီးဖြူတော်ဖွင့်လှစ်ပူဇော်ခြင်းအခမ်းအနား ကျင်းပ
Mar 30,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ထီးဖြူတော်ဖွင့်လှစ် ပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9290
Page
9291
Page
9292
Page
9293
Current page
9294
Page
9295
Page
9296
Page
9297
Page
9298
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department