မလှိုင် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၄)ရှိ လပြည့်ကုန်စုံဆိုင်၌ ယနေ့နံနက် ၈ နာရီ ၃၉ မိနစ်အချိန်တွင် လျှပ်စစ်ဝါယာကြိုးအပူရှိန်လွန်ကဲပြီး မီလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၄)ရပ်ကွက် ၊ နယ်မြေ(၄)ရှိ မခင်စိုးထက် အသက်(၄၈)နှစ် (ဘ)ဦးစိုးဝင်း၏ လပြည့် ကုန်စုံဆိုင်( ပေ ၃၀× ပေ ၂၀ )ကွန်ကရစ်အုတ်ညှပ်နှစ်ထပ်တိုက် အပေါ်ထပ်တွင် ဘုရားမီးပူဇော်ထားသော လျှပ်စစ်ဝါယာကြိုးမှအပူလွန်ကဲပြီး မီးပွားများလွှင့်စင်၍ အောက်ရှိ ကော်ပစ္စည်းများပေါ်သို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇေယျာအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး ၊ မီးသတ်ရေသယ်ယာဉ်(၂)စီး ၊ BA Set (၂)လုံး ၊ အပေါ့စား မီးသတ်စက်(၁)လုံး အသုံးပြု၍ ပြည်သူများနှင့်ပူးပေါင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၈နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် (ပေ ၃၀× ပေ ၂၀)ကွန်ကရစ်အုတ်ညှပ်နှစ်ထပ်တိုက် အပေါ်ထပ် မီးလောင်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း၊ အိမ်ရှင် ဒေါ်ခင်စိုးထက်အား မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)