အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုံအပိုင်းရှိ မြစ်ကြီးနား KEP Logistic အသင်းပိုင်ဝင်းအတွင်း နယ်စပ်ဂိတ်မှ မန္တလေးသို့တင်ပို့သွားမည့် စက်သုံးဆီတင် ဘောင်ဆာကားကြီးများ၊ တွဲကားများ ရပ်နားထားရှိမှုအခြေအနေများနှင့် ဗလမင်းထင် စံပြစိုက်ကွင်း အတွင်း လယ်သီးထပ်ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုများကို မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Mar 29,2024
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ Job Fair အလုပ်အကိုင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 29,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပသော ဥပဒေချုပ်ရုံး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သင်ကြားဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့်အင်္ဂလိပ်စာ အခြေခံ( Grammar)သင်တန်းတက်ရောက်သင်ကြားနေသူများအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ပြီးသင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
Mar 29,2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်နှင့် မွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးမကော်မရှင်မှ ချမှတ်ထားသည့် မဟာဗျူဟာရည်မှန်းချက်များ၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်မှာ အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်းဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း ၊ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit (CPU)များကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။
Mar 29,2024
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 29,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ဖွင့်လှစ်သော Emergency Care Training for Medical Officers and Nurses ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှုသင်တန်းကို ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး (၉) ထပ်ဆောင် Conference Hall တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်မင်းစိုး၏  “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။