မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံတရုတ်ဘာသာစကား သင်တန်းဆင်းပွဲကျင်းပ

မိုးကုတ် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီက အခြေခံတရုတ်ဘာသာစကားသင်တန်းဆင်းပွဲ ကျင်းပြုလုပ်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံတရုတ်ဘာသာစကားသင်တန်းကို မတ်လ () ရက်နေ့မှ (၂၉) ရက်နေ့အထိ သင်ကြားပို့ချခဲ့ကြောင်း၊ သင်တန်းတွင် သင်ကြားပေးသည့် သင်ခန်းစာများအား ဆက်လက်တိုးတက်စေရန် အမြဲလေ့ကျင့်နေရန် လိုအပ်ပါကြောင်းစသည် တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်စံပယ်ကိုကိုအား ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး သင်တန်းနည်းပြဆရာမ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ ဆုရရှိသည့်သင်တန်းသား/သူများအား ဆုများအသီးသီးပေး အပ်ခဲ့ကြပြီး အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူ စုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။  

ကြည်ကြည်နွဲ့( (ပြန်/ဆက်)