အမြို့မြို့အနယ်နယ်သတင်းများ

Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးနှင့် ဖျာပုံခရိုင်အတွင်းမှ ဒေသထွက်ကုန်များနှင့်သားငါးများ အခြားတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် စစ်ဆေးကောက်ယူခြင်းလုပ်ငန်းနှင့် တရားမဝင်ပစ္စည်းများ သယ်ယူရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း အခြေအနေများကို ယနေ့နံနက်(၁၀)နာရီ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Apr 01,2024
ဟုမ္မလင်းမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မူ လတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စာအောင်သံဃာများအား (၃၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်းအခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီခွဲက ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
Apr 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊  အုပ်ချုပ်ရေးမှူးရုံးတွင်  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
Apr 01,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့မဈေးတောင်ဘက်ဝင်ပေါက်၏ အနောက်ဘက်ခြမ်းရှိ ကိုယ့်အားကိုယ်ကိုးဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှုအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရှိ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်
Apr 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မဥစားကြက်မွေးမြူရေးဇုန်ရှိ ကြက်မွေးမြူသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကြက်မွေးမြူရေးဇုန်ရှင်းလင်းဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။