မြစ်ကြီးနား ဧပြီ ၃
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို ဧပြီ ၂ ရက်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက အဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ကြသည်။
အဆိုပါ အထိမ်းအမှတ်ပြိုင်ပွဲတွင် အဖွဲ့လိုက်မီးသတ်ယာဉ်ဖြင့် မီးသတ်စက်ကြီးစွမ်းရည် ယှဉ်ပြိုင်ခြင်း၊ အဖွဲ့လိုက်မီးသတ်စက်ကလေးဖြင့် အထပ်မြင့် မီးငြှိမ်းသတ်မှုစွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာ (Hydraulic Tools) များအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ယှဉ်ပြိုင်းခြင်း၊ တစ်ဦးချင်း ပိုက်လိပ်ဖြန့်/ ကောက်ခြင်းစွမ်းရည် ယှဉ်ပြိုင်ခြင်းနှင့် နှစ်ယောက်တွဲ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် (Brave Heart) ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)