လားရှိုး ဧပြီ ၃
လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းသစ်နှင့် တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြပြီး လားရှိုးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကာ မီးလောင်ကျွမ်းမှုဖြစ်စဉ်ဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ်မှုနှင့် မီးသတ်ဆေးဘူးလက်တွေ့ အသုံးချမီးငြိမ်းသတ်မှုတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)