သုံးခွမြို့နယ်တွင် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်‌ရေးလုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် ပေးအပ်

သုံးခွ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌၊ မြို့နယ်အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့က အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်‌ရေးလုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲကို ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်‌ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ရွှေလုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ ဗိုလ်မှူးလင်းမောင်သက်နှင့် အတွင်းရေးမှူး ရဲမှူးမောင်မောင်သန်းတို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိနိုင်ရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က (ရွှေ) ရောင်းဝယ်ရေးလုပ်ငန်းရှင် ခြောက်ဦးသို့ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်‌ရေး လုပ်ငန်းအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များအား တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)