Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်လျက်ရှိ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့၌ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 03,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က သာသနာ့ဗိမ္ဗာန်တော်အတွင်း၌ ကျင်းပခဲ့ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာ များနှင့် သီလရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်စခန်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီအချိန်တွင် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မြန်မာနှစ်ဆန်း(၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြ…
Apr 03,2024
၁၃၈၅ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂ /၂၀၂၄) ကိုယမန်နေ့ နံနက် (၁၀) နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁ ရက်နေ့မှယနေ့ထိ အသက် ၂ နှစ်အောက် ကလေးငယ် ၄၀၄ နှင့် ကိုယ်ဝန်ဆောင်မိခင် ၅၆ တို့ကို ထိုးနှံပေးပြီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Apr 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မဈေးကြီးရှေ့ နာရီစင်အနီးနှင့် ဈေးအတွင်းရှိ ပြည်သူများကို ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
Apr 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း (၂/ ၂၀၂၄) ဆင်းပွဲကျင်းပ
Apr 03,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်ကာ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ပန်းချီသင်တန်း(၂/၂၀၂၄)ဆင်းပွဲကို ဧပြီ(၃)ရက်၊ နံနက်(၇)နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9261
Page
9262
Page
9263
Page
9264
Current page
9265
Page
9266
Page
9267
Page
9268
Page
9269
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department