အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားရုံ၌ မတ်လ(၅)ရက်နေ့မှ ဧပြီလ(၃)ရက်‌နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမ၌ ကျင်းပသည်။
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ဘူတာလမ်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကြောင်း သိရသည်။
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 03,2024
ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငယ်စဥ်မှစ၍ ကွန်ပျူတာကို ကိုင်တွယ်အသုံး ပြုတတ်စေရန်၊ ခေတ်မီပညာရပ်များကို သင်ယူလေ့လာနိုင်စေရန်ရည်ရွယ်၍ Computer ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဂျုံဧက (၄၄၀) ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ဘုတလင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေက ပြောပြ၍သိရသည်။
Apr 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားပြည်သူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ လစဥ်လတိုင်း ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ မတ်လ ၂ရက် မွန်းလွဲ ၁နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Apr 03,2024
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌မင်းလှမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှဦးဆောင် ၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
Apr 03,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင် အခမ်းအနားကို ဧပြီလ (၂)ရက် ညနေ(၃)နာရီက ဥတ္တရာ ရာမကျောင်းတိုက်၌ကျင်းပခဲ့ကြောင်းသိရသည်။