တိုက်ကြီး ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ဘူတာလမ်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် တိုက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ထွန်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ကျော်ဌေးနှင့် ခရိုင်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းဝင်းအောင်နှင့် ရှမ်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်တို့က မီးဘေးသင့်အိမ်ထောင်စု (၃) စုအတွက် ခြင်ထောင်၊ စောင်၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အထွေထွေသုံးပစ္စည်းများနှင့် တာပေါ်လင်စများအား ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်တိုင်ရာရောက် မီးဘေးသင့်အိမ်ထောင်စုများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)