အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2024
အခြေခံပညာကျောင်းများသည် လူငယ်ဘဝအစပြုသည့် အသက် ၅ နှစ်မှ ဆယ်ကျော်သက်အရွယ်လူငယ်များအထိ လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းကို အဓိကတာဝန်ယူရသော၊ လူငယ်များ၏ စာရိတ္တ၊ အတွေးအခေါ်၊ အလေ့အကျင့်အပြုအမူတို့ကို လေ့ကျင့်သင်ကြားပေးသည့်နေရာများဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံတော်တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ကင်းထောက်သင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အ.ထ.က(၂)တွင် စတင်ဖွင့်လှစ်သည်။
Apr 03,2024
သန်လျင်ခရိုင် သန်လျင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် သမန်းကျားကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရေအခက်အခဲရှိသော ရပ်ကွက်၊ ကျေးရွာများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းကစတင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Apr 03,2024
မကွေးတောင်ဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ညဏ်ရည်၊ ညဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံ ဧက ၁၀၅၁၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။