သံဖြူဇရပ် ဧပြီ ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တိုင်းရင်းသားပြည်သူများနှင့် ကျေးလက်နေပြည်သူများအား စာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ကျိုက္ခမြို့ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၊ ကဇတ်ရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများ မှကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာသင်ဝိုင်းနည်းပြများ၊ ကြီးကြပ်ဆရာ ဆရာမများ၊ စာသင်ဝိုင်းများမှ စာသင်သားများ တက်ရောက်ခဲ့သည်။
ဦးစွာ မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး၊ ကျိုက္ခမီနယ်မြေအတွင်းစာသင်ဝိုင်း (၇)ဝိုင်းကျင်းပရာ စာသင်သား (၃၂၀) ဦးအား၊ ဧပြီ ၆ ရက်နေ့ မှ မေလ ၁၅ ရက်နေ့အထိ၊ နေ့စဉ် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ စာသင်ဝိုင်းများ၏ လိုအပ်သောအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား မြို့နယ်စာတတ်မြောက်ရေးကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေး အဖွဲ့များကစီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းမြို့နယ်စာတတ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)