မင်းလှ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မြို့ နယ်စာရေးဆရာအသင်းနှင့် (Woman Club) အဖွဲ့တို့ပူးပေါင်း၍လစဉ် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နေ့လယ် ၁ နာရီချိန်က ကြီးပွားအောင်မြင်အောင်ပန်းကို ဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြု လုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် မြင့်သန်း(မင်းလှ) က မြင်းခြံကျော်အောင်ရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကို ဆင်စာအုပ်မှ အတိုးတတ်ဆုံးလူ၊ ငါကြီးပွားမည့်လူလား၊ ကိုယ်ခံအားကောင်းလျှင်၊ ဘယ်သူမှ မွေးကတည်းက လူတော်ဖြစ်မလာစသည့်အကြောင်း အရာတို့ကိုဆွေးနွေးပြောကြားခဲ့ရာ (Woman Club) အဖွဲ့ဝင်များကအပြန်အလှန်ဆွေး နွေးမှုများပြုလုပ်ကာဆွေးနွေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)